Wednesday, February 15, 2017

The Guardian Brothers (2016)

(Channelmyanmar)
ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေဟာ မှိုတက်နေတဲ့စာအုပ်ထဲမှာပဲရှိတယ်
နတ်ကောင်းနတ်မြတ်တွေဆိုတာ ပုံပြင်ထဲမှာတောင်မရှိတော့တဲ့ လူနေမှု
အဆင့်အတန်း …..လူတွေဒီလိုဖြစ်နေတာတွေကို နတ်တွေက သဘောမကျဘူး
အထူးသဖြင့် တံခါးစောင့်နတ်သားလေး ၂ပါးက ပိုဆိုးတယ်
သို့ပေမဲ့လည်း ဒေါသထွက်ရုံမှာအပ
သူတို့ ဒီဖြစ်အင်ကိုပြောင်းလဲပေးဖို့ ဘာလုပ်ရမှန်းမသိဖြစ်နေကြတယ်.
တစ်နေ့တော့ သူတို့ ၂ယောက်ရဲ့ပုံကိုချိတ်ဆွဲထားတဲ့
စားသောက်ဆိုင်အိုကြီးကို
ထူးထူးခြားခြား တွေ့မိတယ် တံခါးစောင့် နတ်သား၂ယောက်ဟာ
လူ့ပြည်ကိုဆင်းကာ စားသောက်ဆိုင်လေးကအစပြုပြီး
လူတွေရဲ့အယူအဆတွေပြုပြင်ပြောင်းလဲဖို့
ကြိုးစားကြတယ် ဒီစားသောက်ဆိုင်လေး ကမုဆိုးမသားအမိ၂ယောက်ရဲ့ဆိုင်လေးပါ
လူယောင်ဆောင်လာတဲ့နတ်သား၂ယောက်ရယ်
သားအမိရယ် စားသောက်ဆေးလေးမှာအလွဲလွဲ
အချောချောတွေနဲ့ ………..နတ်သားလေး၂ယောက်ဟာတကယ်ပဲ
လူတွေရဲ့စိတ်ကိုပြောင်းလဲအောင်လုပ်နိုင်မလား ဘယ်လိုအန္တရယ်ဆိုးတွေနဲ
့ရောကြုံရမလဲဆိုတာတော့ ပရိတ်သတ်ကြီးရေ
ကြည့်လိုက်ပါဦးလို့……. ဒီဇတ်ကားလေးကိုကြည့်ရင်း
အာရုံကိုလွှမ်းမိုးလာတာက ဖတ်ဖူးခဲ့တဲ့ သာသနာသက္ကရာဇ်နဲ့ဆိုင်တဲ့အကြောင်းလေးပါပဲ
သာသနာသက္ကရာဇ် ၃၀၀၀ကျော်ခဲ့ရင် လူတွေဟာ
အယူအဆလွဲမှားမှုတွေနဲ့ ပျက်ကိန်းဆိုက်မယ်လို့ ဆိုထားတာပါ ဒီဇတ်ကားလေးထဲမှာ
ဆိုရင်လူတွေဟာ ခတ်မှီစက်ကိရိယာတွေ နည်းစနည်တွေ
စည်းကမ်းတွေလွှမ်းမိုးမှုအောက်
မှာ ပျော်မွေ့နေလေတော့ ဘာသာရေးလိုက်စားမှု ဆိုတာမရှိသလော
က်ဖြစ်နေတယ် ဇတ်ကားကျောရိုးက ပိုပိုသာသာလေးပြထားတယ်ဆိုပေမဲ့
ကျွန်တော်တို့မျက်မှောက်ခေတ်
အပြင်လောကနဲ့ဆက်စပ်ကြည့်တော့
တော်တော်လေးလည်းမှန်နေတယ် ကောင်းမွန်တဲ့နိမိတ်ပြဇတ်ကားလေးလို

့တောင်ဆိုရမယ်ထင်တယ် ကိုင်းရေးတာလည်းရှည်ပြီဗျာ ခံစားကြည့်လိုက်ပါဦးလို့

No comments:

Post a Comment