Goldchannel
Asura: The City Of Madness (2016) မြန်မာစာတန်ထိုး
ရဲတွေလာဘ်စားတာတွေကို အခြေခံရိုက်ကူးထားတဲ့ ယခု ဇာတ်ကားဟာ ထုံးစံအတိုင်းပါပဲ။တစ်ယောက်နဲ့တစ်ယောက်က ကလိန်ကျတာတွေအကောက်ဥာဏ်ဆင်တာတွေနဲ့ အတူ ကိုရီယားရုပ်ရှင်ကားတွေရဲ့ တင်ပြပုံအတိုင်း အဓိက Role ဇာတ်ဆောင်ရယ်လို့ မပါဝင်တော့ပဲ မကောင်းမှု ကိုယ်စီကျူးလွန်ကြတဲ့ လူတန်းစားတွေရဲ့ လှု ပ်ရှားတိုက်ခိုက်ကြပုံတွေကို ပုံဖော်ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။
အခုလို ဗီလိန်အားပြု ဇာတ်လမ်းတစ်ခု ပေါ်လွင်စေဖို့ရာက သိတဲ့အတိုင်းပါပဲ။သရုပ်ဆောင်တွေ ထူးချွန်နေမှသာ ဇာတ်လမ်းကြောင်းတစ်ခုလုံးက ကြည့်ချင်စဖွယ်ဖြစ်သွားမှာပါ။ကမ္ဘာနေရာအနှံ့အပြားက ရုပ်ရှင်ထုတ်လုပ်တဲ့နိုင်ငံတွေတိုင်းမှာ လာဘ်စားတဲ့ရုပ်ရှင်ကားတွေအကြောင်းကို ဇာတ်လမ်းဇာတ်ကွက် အမျိုးမျိုးနဲ့ ရိုက်ကူးထားပြီး ဖြစ်တာမို့ အခုလို ရုပ်ရှင်ပရိသတ်တွေ ခန့်မှန်းနိုင်ခြေရှိပြီးသား ဇာတ်အိမ်တွေအတွက် ကြည့်ချင်နေဖို့ရာ ရိုက်ချက်နဲ့ဆွဲခေါ်မလား။ဇာတ်လမ်း ကျောရိုးကို ပေါ်လွင်ရုံသာ ပုံဖော်ပြီး သရုပ်ဆောင်တွေရဲ့ Teamworkနဲ့ ဆက်သွားမလား။ဒါရိုက်တာကြီးဖြစ်တဲ့ ကင် ဆောင်းစု ဟာ ရိုက်ချက်နဲ့ သရုပ်ဆောင်တွေကိုသာ အဓိက အလုပ်လုပ်သွားစေတာကို တွေ့ခဲ့ရပါတယ်။
တကယ်ပါပဲ။ကြည့်နေရင်းနဲ့ မျက်နှာလွှဲမိသွားလောက်တဲ့ သတ်ခန်းဖြတ်ခန်းတွေ။နှိပ်စက်ခန်းတွေနဲ့ အတူ ဇာတ်လမ်းတစ်ခုလုံးကို တစ်ထိတ်ထိတ်ဖြစ်အောင် ပုံဖော်ခဲ့ပါတော့တယ်။အဲဒီလိုနဲ့ ပရိသတ်တွေအဖို့ ဇာတ်ကြော ခိုင်မာမှု ရှိမရှိ။ဖြစ်နိုင်ချေ ရှိမရှိတွေကို အဖြေထုတ်ဖို့ အချိန်မပေးနိုင်တော့ပါဘူး။
အခုကားထဲမှာ နိုင်ငံ့သားကောင်းရတနာတွေ။ခြိုးခြံချွေတာ ပြည်ချမ်းသာ ဆောင်ပုဒ်တွေ။ကျေနပ်ရောင့်ရဲခြင်းသည် မြတ်သော မင်္ဂလာတစ်ပါးဖြစ်၏။နိုင်ငံတော်မှချမှတ်ထားသော ဥပဒေများအား တသွေမဝေတိမ်း လိုက်နာပါမည် တွေ ဘာညာကွိကွ စတဲ့ သြဝါကြီးကြီးတွေကို အသက်ပေးထမ်းရွက်သွားတဲ့ ပြကွက်တွေ ။ငါတို့က နိုင်ငံတော်ကြီးအတွက် ဘာလိုလုပ်တယ်တွေ ဘာညာ မြင်ရမှာမဟုတ်ပါဘူး။
လူသားတွေရဲ့ အကြောက်တရားနဲ့ ရွေးချယ်စရာရှိလာမယ့် ဘဝလမ်းကြောင်းတွေပေါ်လာတဲ့အခါ တွေဝေတတ်မှု နဲ့ အတ္တမှန်ဝါဒတွေကို ငွေဆိုတဲ့စကားလုံးနဲ့ အနှိုင်းခံ ဖော်ပြထားတာတွေကို တစ်နင့်တပိုး တွေ့ကြရပါလိမ့်မယ်။ဇာတ်အိမ်ရဲ့ အားနည်းချက်တစ်ခုကတော့ ဒီအထဲက ဇာတ်ကောင်တွေရဲ့ ဘာကြောင့် ဒီလိုမျိုး ငွေနောက်ကောက်ကောက်ပါအောင် လိုက်ချင်ရသလဲဆိုတဲ့ ယုံကြည်မှု ဖြစ်စေတဲ့ နောက်ခံရာဇဝင်လေးတွေကို ခိုင်မာအောင် မပြပေးခဲ့တာဟာ အားနည်းချက်တစ်ရပ်ပါပဲ။
လူဆိုတာ ငွေကိုကြို က်တယ်။ငွေနောက် ခိုင်းစေသမျှ လိုက်ရတယ်။အဲဒီလို အခြေအနေမျိုးထဲမှာ သက်ဆင်းနေတဲ့ ဥပဒေဘက်တော်သားတွေရဲ့ ဘေးကျပ်နံကျပ်ကာလအနေအထားကနေ ခုရုပ်ရှင်ဇာတ်လမ်းသွားကို စပြပါတယ်။
တောင်ကိုရီယားနိုင်ငံထဲက အမ်နမ်မြို့ တော်ဟာ လာဘ်စားမှု တွေနဲ့ ရှု ပ်ထွေးနေတဲ့ နေရာတစ်ခုပါ။အဲဒီမြို့ ထဲမှာ ရဲအရာရှိအဖြစ် ထမ်းဆောင်နေရတဲ့ ဟန်ဆိုတာလည်း ထုံးစံအတိုင်း လာဘ်စားမှု တွေမှာ ပါဝင်ပတ်သက်နေသူတစ်ဦးပါ။လက်ရှိအခြေအနေက မလူးသာမလွန့်သာ အခြေအနေဟု ပြောလို့ရနိုင်သလို ရဲဘက်မှာလည်း သူလာဘ်စားတာ မသိအောင် ဖုံးကွယ်ရသလို တစ်ဖက်မှာလည်း သူ့ယောက်ဖ မြို့ ဝန် လူစုတ်ကြီးအတွက် ခိုင်းစေသမျှကို လုပ်ပေးနေရပါတယ်။ကင်ဆာရောဂါဖြစ်နေတဲ့ ဇနီးသည်အတွက် ပိုက်ဆံရှာပေးရင်းကနေ လာဘ်စားနေမိတဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်နေရပါပြီ။ပြသာနာထပ်ဖြစ်ချင်တော့ တစ်ညမှာပဲ ရာဇဝတ်သားတစ်ယောက်ဆီက သတင်းသွားယူရာကနေ သူတို့ရဲသားချင်းတွေ စကားများပြီး သူ့ကြောင့် ရဲအရာရှိတစ်ယောက်သေဆုံးသွားပါတယ်။သူနဲ့အတူပါလာတဲ့ တွဲဖက်စုံထောက်ကလေးကို ညှိနှိုင်းပြီး ရာဇဝတ်သားအပေါ် လွှဲချလိုက်ပါတယ်။ဒါပေမယ့်လို့ ရဲဘက်ကလည်း ဟန်အပေါ် သံသယဝင်နေပါပြီ။
ရဲဋ္ဌာနအနေနဲ့ ဟန်ထက် အဓိက ဖမ်းချင်တာက ရာဇဝတ်မှု များစွာကို ကြိုးကိုင်နေတဲ့ မြို့ ဝန်ဖြစ်သူကိုပါ။ဒါပေမယ့် မြို့ ဝန်ဖြစ်သူရဲ့ ရာဇဝတ်မှု တွေကို တရားရုံးမှာ သက်သေပြဖို့ရာအတွက်လည်း လက်ဆုပ်လက်ကိုင်ပြစရာ မရှိတော့ ဟန်ကိုသာ အသုံးချ အကြပ်ကိုင်ဖို့ ဆုံးဖြတ်ကြတော့တယ်။ဟန်ကတော့ ရဲဘဝကိုလည်း ငြီးငွေ့နေပြီမို့ ထွက်ချင်နေပြီဖြစ်သလို တစ်ဖက်က မြို့ ဝန်ရဲ့ လက်ပါးကျွန်အဖြစ်ကနေလည်း လွတ်မြောက်ချင်နေပါပြီ။
ဟန်အနေနဲ့ ထိုအခြေအနေတွေက လွတ်မြောက်ဖို့ အခြေအနေမကောင်းတော့ပေ။ရဲမှုးက သူနဲ့အခြားမိန်းမတစ်ယောက်တို့ သံဝါသပြု နေပုံကို ခိုးရိုက်ထားတဲ့ ဗီဒီယိုဖိုင်ပြတယ်။အကယ်ရွေ့ သူသာ မြို့ ဝန်ရဲ့ရာဇဝတ်မှု တွေကို မဖော်ထုတ်ပေးရင် ဒီဗီဒီယိုဖိုင်ကို မိန်းမဆီပို့မယ်လို့ အကြပ်ကိုင် ခံရတယ်။မြို့ ဝန်ဘက်ကလည်း သူသာ ဖော်ထုတ်ခဲ့ပါက ရက်ရက်စက်စက် သတ်ဖြတ်မယ့် အခြေအနေတွေမှာရှိနေလိုသလို မြို့ ဝန်လို အထက်ဖား အောက်ဖိဗျူ ရိုကရက်အရာရှိမျိုးလက်က သူလွတ်မြောက်ဖို့ရာလည်း မလွယ်ကူလှပေ။ဥပဒေဘက်မှာ ပြန်ရပ်လိုက်ရင်လည်း သူ့ကြောင့် သေဆုံးသွားတဲ့ ရဲအရာရှိ။သူယူထားတဲ့ လာဘ်ငွေတွေ။ဖုံးဖိထားတဲ့ ရာဇဝတ်မှု တွေ ။
ဘယ်လို ထွက်ပြေးပုန်းရှောင်နိုင်ပါ့မလဲ။
ဆေးရုံက ဇနီးသည်အားထားရစ်ပြီး ကိုယ်လွတ်လည်း မရုန်းချင်။မြို့ ဝန်ကလည်း ရာဇဝတ်မှု တွေကို တစ်ဖြေးဖြေးတိုးလုပ်လာကာ သူအပေါ်ကိုလည်း စောင့်ကြည့်လာချိန်။ရဲအဖွဲ့ကလည်း ထပ်မံအကြပ်ကိုင်လာချိန်။
ဟန်တစ်ယောက် အဲဒီအရှု ပ်တော်ပုံထဲက လွတ်မြောက်နိုင်ပါ့မလားဆိုတဲ့ အတွေးတွေက ယခုဇာတ်ကားရဲ့ အဓိကပေးစွမ်းလိုတဲ့ အာသီသတစ်ရပ်ပဲ ဖြစ်ပါတယ်။
သရုပ်ဆောင်တွေအကြောင်းပြောရရင် စုံထောက်ဟန်အဖြစ် သရုပ်ဆောင်သွားတဲ့ ဂျန် ဝူးဆောင်ဆိုတာ ကိုရီယားရုပ်ရှင်လောကထဲက ထိပ်တန်းသရုပ်ဆောင်တစ်ယောက်ဖြစ်သလို သူထွက်ရှိထားတဲ့ A Moment to Remember (2004)|Cold Eyes(2013)| The Warrior (2001)စတဲ့ ဇာတ်ကားတွေဟာ နာမည်ကြော်ကြားပြီးသား ဖြစ်သလို ကိုရီယားရုပ်ရှင် စတင်ထွန်းတောက်လာတဲ့ ကိုးဆယ့်ငါး ကိုးဆယ့်ခြောက်ဝန်းကျင်လောက်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ယခုကားမှာလည်း ဘဝအတွက် စိတ်ဓါတ်ကျနေသူ။အကြောက်တရားတွေ စိုးမိုးပြီး အရာရာတွေဝေနေသူ။ဘဝအပေါ် စိတ်ညစ်နေသူတစ်ဦးပီပီ ညည်းညောင်အပြစ်တင်နေတဲ့ ဇာတ်ကောင်တစ်ယောက်အဖြစ် အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့တာကို တွေ့ရှိကြရမှာပါ။သူ့ရဲ့ဇာတ်နဲ့ လိုက်ဖက်ညီအောင် သရုပ်ဆောင်နိုင်မှု ကြောင့်သာ အခုကားဟာ ရင်တစ်ထိတ်ထိတ်နဲ့ ဆွဲခေါ်စေခဲ့တာပါ။
နောက်ထပ် အခုဇာတ်ကားအတွက် ချီးကျူးမှု အပေးရဆုံးလို့ပြောရမယ့် သရုပ်ဆောင်ကတော့ မြို့ ဝန်နေရာကနေ လူညစ်ပတ် လူယုတ်မာ အစုတ်အပဲ့ကြီးတစ်ယောက်အဖြစ် အပီပြင်ဆုံး သရုပ်ဆောင်သွားခဲ့တဲ့ ဝါရင့်သရုပ်ဆောင်ကြီး ဟွန် ဂျောင်မင်း ဖြစ်ပါတယ်။သူ့ကို စွယ်စုံရ သရုပ်ဆောင်တစ်ယောက်အဖြစ် သတ်မှတ်ရင် လွန်မယ်မထင်ပါ။အတည်အခန့် ဇာတ်ကောင်စရိုက်ပေါင်းစုံ သရုပ်ဆောင်ပြသွားနိုင်ခဲ့တာတွေကို သူရိုက်ကူးခဲ့တဲ့ Dancing Queen | Veteran |The Wailing |New World စတဲ့ ရုပ်ရှင်တွေမှာ မှတ်ကျောက်တင်ခံပြီးသားဖြစ်သလို ကိုရီယားရုပ်ရှင်လောကကထွက်သမျှ ရုပ်ရှင်ကားထဲမှာ သူပါဝင်တဲ့ ဇာတ်ကားတိုင်း လူကြို က်များအောင်မြင်တာကို တွေ့ရပါတယ်။1996လောက်ကတည်းက ရုပ်ရှင်လောကထဲဝင်ရောက်ခဲ့တဲ့ ဟွန် ဂျောင်မင်းဟာ အခု ဇာတ်ကားမှာလည်း ခါတိုင်းမြင်တွေ့နေကျ ခပ်ရွှတ်ရွှတ်အမူအယာတွေနဲ့ ပေါ့ပေါ့ပါးပါးသရုပ်ဆောင်တဲ့ နေရာကနေ အံ့အားသင့်ဖွယ်ကောင်းလောက်အောင်ပင် အခုကားမှာ ကလိန်ကကျစ် ဥာဏ်များလွန်းလှတဲ့ ဗီလိန်တစ်ယောက်အဖြစ် ပြောင်းလဲသရုပ်ဆောင်ပြသွားတာကို မြင်ရမှာဖြစ်ပါတယ်။ခပ်ပိုပိုဆိုရရင် ယခုဇာတ်ကားက သူသရုပ်ဆောင်မှု ကြောင့်သာ ပိုမိုအသက်ဝင်ပီပြင်သွားတာဟု ပြောလို့ရသလို အဓိက ရဲသရုပ်ဆောင် ဂျန်ဝူးဆောင်ရဲ့ ဇာတ်ရိပ်တွေတောင် သူအောက်မှာ တစ်ချက်တစ်ချက် ငုံ့သျှိုးသွားတာကို တွေ့မြင်ရပါတယ်။နောက်ဆိုရင်လည်း သူပါဝင်တဲ့ ရုပ်ရှင်ကားအများစုတွေ အောင်မြင်နေဦးမှာလို့သာ ကောက်ချက်ချမိနေပါတယ်။
နောက်တစ်ယောက်ကတော့ ရဲမှုးအဖြစ် သူနဲ့အလိုက်ဖက်ဆုံး ရိုက်ကူးနေကျ ဇာတ်ဆောင်နေရာကပဲ ထပ်မံပြီး အကောင်းမွန်ဆုံး တင်ဆက်သွားတဲ့ ဇာတ်ပို့သရုပ်ဆောင် ကင် ဒူဝန်းပါ။တကယ်ဆိုရင် သူ့ကို The Man From Nowhere လောက်ကနေမှ တစ်ခန်းစနှစ်ခန်းစအဖြစ် သတိပြု မိရာကနေ ဒါရိုက်တာ နမ်ဟိုကျင့်ရဲ့ The Yellowsea မှာ အနည်းငယ်ပေါ်လွင်လာတာကို စသိခဲ့ရပါတယ်။နောက်ထပ် သူ့ရဲ့ ဇာတ်ပို့သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်တယ်ဆို
တာကို ထပ်မံမြင်တွေ့ခဲ့ရတာကတော့ Nameless Gangster ရုပ်ရှင်ကားမှာပါ။အဲဒီကားမှာလည်း ခုလို လာဘ်မစားတဲ့ အမှု လိုက် ရဲအရာရှိအဖြစ် ပီပြင်စွာ သရုပ်ဆောင်ပြခဲ့ပြီး သူဟာ ကျရာဇာတ်ရုပ်မှာ သဘာဝကျအောင် သရုပ်ဆောင်နိုင်တယ်ဆိုတာ အကောင်းမွန်ဆုံး လူသိအများဆုံးလို့ ပြောလို့ရတဲ့ ရုပ်ရှင်ကားကတော့ မနှစ်ကထွက်ရှိခဲ့တဲ့ The Wailing မှာပါပဲ။သမီးအတွက် ကူဖေးရာမဲ့နေတဲ့ ရဲသားတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့တာတွေကို ကြည့်ဘူးသူတိုင်း မှတ်မိနေမယ်လို့ ယုံကြည်မိပါတယ်။အခုကားမှာတော့ အဲဒီလို ဇာတ်ရုပ်ကနေ အကြောက်တရားကို လက်တွေ့ကျကျ ဖိစီးခံရတော့တဲ့ အခြေအနေမျိုး ကြုံ လာရတဲ့အခါ မိမိကိုယ်သာရုန်းထွက်တတ်ကြသူတွေအဖြစ် စိတ်ခံစားမှု ပေါ်လွင်အောင်ဖော်ပြရတဲ့။အကြောက်တရားရဲ့ စေတသိတ်ကနေ ဖော်ပြတတ်တဲ့ ဂဏာမငြိမ်ဖြစ်မှု ။တုန်ဆာမောပန်းနေတဲ့ မျက်နှာသွင်ပြင်တွေကိုလည်း အခုကားမှာ ပီပြင်အောင် သရုပ်ဆောင်ပေးခဲ့တာကို ရှု စားကြရမှာပါ။
ယခုကားကို တာဝန်ယူရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး ကင် ဆောင်းစုဟာ 1990လောက်ကတည်းက ကိုရီယားရုပ်ရှင်လောကထဲမှာ ဒါရိုက်တာတစ်ဦးအဖြစ် ရပ်တည်လာခဲ့သူတစ်ဦးဖြစ်သလို မင်းသားကြီး လီဗြောင်ဟွန်းကို လူသိများစေတဲ့ Run Away (1995) အက်ရှင်ကားမျိုးတွေကို ရိုက်ကူးပေးခဲ့သလို Flu ဆိုတဲ့ 2013မှာဖြန့်ချီခဲ့တဲ့ ဇာတ်ကားအပြီးမှာ ယခု ဇာတ်ကားအား ရိုက်ကူးထားတာဖြစ်ပါတယ်။ဝါရင့်ဒါရိုက်တာတစ်ဦးပီပီ လက်ရှိဇာတ်ကားကိုလည်း သွေးပျက်ထိတ်လန့်ဖွယ် ကြက်သီးထဖွယ် လူမဆန်ဘွယ်ဖြစ်စေတဲ့ တိုက်ခိုက်ခန်းတွေ။တရစပ်တွန်းပို့ထားတဲ့ ဇာတ်အိမ်အားပြို င်မှု တွေနဲ့ သူ့ရဲ့ပါရမီတွေကို လက်ကုန်ထုတ်ထားတာတွေအား တွေ့မြင်ရမှာဖြစ်ပါတယ်။
ဇာတ်ကားခေါင်းစဉ်ဖြစ်တဲ့ Asura ဆိုတာ အရှေ့တိုင်းဘာသာတရားတွေနဲ့ ဆက်နွယ်နေတဲ့ စကားလုံးတစ်ခုဖြစ်ပြီးတော့ ဒေါသ မာန ခက်ထန်မှု တွေကို ပေါင်းစည်းဖော်ပြထားတဲ့ အဓိပ္ပါယ်တစ်ရပ်ဖြစ်ပြီး ဟိန္နူ ဘာသာမှာတော့ မကောင်းဆိုးဝါး နတ်မိစ္ဆာတစ်ပါးအဖြစ် ညွှန်းဆိုထားတာတွေ့ရသလို ဗုဒ္ဓဘာသာရပ်ထဲမှာတော့ ဒေါသမာန ခက်ထန်မှု တွေ ပေါင်းစည်းထားတဲ့ ပုဂ္ဂို လ်တွေကို ဖော်ပြထားတာကို မြင်ရပါတယ်။ယင်းအဓိပ္ပါယ်အတိုင်းပါပဲ ဇာတ်ကားထဲက လူသားတွေကလည်း ကိုယ့်အတ္တတွေအတွက် ဒေါသခက်ထန် သတ်ဖြတ် နှိပ်စက်နေကြတာတွေကို ထိတ်လန့်စဖွယ် တွေ့မြင်ခဲ့ရပါတယ်။
ကျွန်တော်အနေနဲ့ကတော့ လက်ရှိရုပ်ရှင်ဟာ 2016ကိုရီယားရုပ်ရှင်တွေထဲမှာ ကျေနပ်မှု အပြည့်အဝဆုံး ရုပ်ရှင်ကားတစ်ကားအဖြစ် မှတ်တမ်းတင် ထားလိုက်ရပါတယ် လို့သာ ။
Review by: ညီလင်းအိမ် (ကို Nyi Linn Eain Facebook Timeline မှကူးယူဖော်ပြပါသည်)
Review & Translate by Min Khay Man
Encoded b Hein Min Htet
HD 720p 950mb
Download